Wednesday, 3 June 2020

ဒီလို ပုဂၢိဳလ္မ်ိဳးေတြရွိလို့ NLD က ေအာင္ပြဲရေနတာ


😷😷😷😷😷😷😷😷😷

ဒီလို ပုဂ္ဂိုလ်မျိုးတွေရှိလို့ NLD က အောင်ပွဲရနေတာ



" ထိုင်ပါဆို ထိုင်လိုက်ပါ " လို့ ပြတ်သားတဲ့ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အကြောင်း တစေ့တစောင်း

(ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသစ် အဖြစ် ရေပန်းစားနေတဲ့ NLD CEC ဦးထွန်းထွန်းဟိန်းအကြောင်းကို သမီးဖြစ်သူမေသင်္ကြန်ဟိန် (မြစ်မခ)   ရေးသားထုတ်ဝေထားတဲ့ "ချစ်တဲ့သူတွေအကြောင်း ပြောရအောင်" စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

ကျွန်မ မှတ်မိနေတဲ့ အချစ်တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒီအခ်စ္ကို ပြောရမယ်ဆိုရင်တော့ ၁၉၈၈ ခုနှစ်နောက်ပိုင်းနဲ့ ၁၉၉၀ ရွေးကောက်ပွဲအကြို ကာလေတြကို ပြန်သွားရမှာပါပဲ။

ဖေဖေက ၁၉၈၈မွာ နောင်ချိုမြို့နယ်ရဲ့ သပိတ်ဥက္ကဋ္ဌဖြစ်လာတော့ စစ္တပ္က အာဏာသိမ်းတဲ့ အချိန်မှာ ဖေဖေနဲ့ အတူတူ သပိတ်ထဲပါဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေက အဖမ်းမခံဘဲနဲ့ တောခိုဖို့ ပြောလာတယ်။ ဖေဖေက လက်မခံခဲ့ဘူး၊ အဖမ်းခံခဲ့တယ်။

ဖေဖေအဖမ်းခံနေရချိန်မှာ ကျွန်မက အသက် ၁၅ နှစ်၊ မောင်လေးက ၁၃ နှစ်နဲ့ ညီမေလးကေတာ့ ၂ နှစ်အရွယ်ပါပဲ၊ ပြောရမယ်ဆိုရင်တော့ ကလေးအရွယ်တွေပါပဲ။

အဲဒီအချိန်မှာ နောင်ချိုမှာ ကျန်ရစ်ခဲ့တဲ့ မောင်နှမသုံးယောက်ကို မြို့မိမြို့ဖတွေနဲ့ မြို့က မိတ်ဆွေတွေက အားပေး စောင့်ရှောက်ပေးတယ်။ ၈၈ သပိတ်ကြောင့် ပြုတ်ကျခဲ့တဲ့ ပါတီကောင်စီ မိသားစုဝင်တွေကလည်း ကျွန်မတို့ကို ရန္သူလို ဆက်ဆံတာမျိုးတွေ မရွိဘူး၊ နွေးနွေးထွေးထွေးပဲ ဆက်ဆံကြတာ အမှတ်ရမိပါတယ်။ စိတ်သဘောထားကောင်းတဲ့ သူတွေ မ်ားတဲ့ နောင်ချိုပါ။

အေဖက အဖမ်းခံရ၊ အမေကလည်း အေဝးမွာ တာဝန်ကျနေတော့ လက်ထဲမှာ သုံးစရာပိုက်ဆံမရှိတော့ရင် ခြံထဲက ဂန္ဓာပန်းတွေကို နံနက်စောစောခူးပြီး မောင်နှမသုံးယောက် ဈေးပန်းခြင်းလေးချပြီး ပန်းရောင်းပါတယ်။ အဲဒီလို ကျွန်မတို့ ဈေးရောင်းနေတာကို တွေ့တဲ့ သူတိုင်းက ပန်းတွေက လွလိုက္တာ ဆိုပြိး ၀ယ်ပေးကြတယ်။

တကယ်တော့ နောင်ချိုမှာ အ်ိမ်တိုင်းလိုလိုက ဘုရားပန်းတင်ဖို့ ပန်းပင်လေးတွေ စိုက်ကြပါတယ်။

ဘုရားပန်းအတွက်ဆိုရင် ပန်းဝယ်စရာမလိုတဲ့ ဒေသမျိုးပါ။ ဒါပေမဲ့ ကျွန်မတို့ မောင်နှမ သုံးယောက်ရောင်းတဲ့ ဘုရားပန်းကိုလည်း ၀ယ်ပေးတဲ့ နည်းနဲ့ အားပေးကူညီကြတယ်ဆိုတာကို ခုချိန်မှာ ကျွန်မ နားလည်ခဲ့ပါပြီ။

အဲဒီလိုနေရင်းနှင့်ပင် အောက်တိုဘာ ၁၅ ရက်နေ့၊ ၁၉၈၈ ရက်နေ့မှာ ဖေဖေကို အာမခံနဲ့ ပြန်လွှတ်လာပါတယ်။ ဖေဖေလွှတ်လာတော့ မြို့ကမိတ်ဆွေတွေ ဖေဖေ့ကို လာမေးကြတယ်။ ပြီးတော့အဲဒီလို အာမခံရအောင်လည်း နောင်ချိုမြို့ခံ လူထုက ၀ိုင်းဝန်းတောင်းဆိုခဲ့ကြတယ် ဆိုတာ သိလာရပါတယ်။

ဖေဖေ့ကို စတင်ဖမ်းဆီးစဉ်တုန်းက ထောက်လှမ်းရေးက နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အသရေဖျက်မှု အပါအ၀င် ပုဒ်မပေါင်း ၂၀ ကျော်နဲ့ စွဲချက် တင်ခဲ့ကြတာပါ၊ ပြစ်မှု မမြောက်တဲ့အတွက် နောက်ဆုံး ၅၀၅ (ခ)နဲ့ တရားစွဲပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ရတာ။

ကျွန်မ အသက် ၁၅နှစ် ၁၆ နှစ် ဆယ်ကျော်သက်အရွယ်မှာ အချစ်တစ်မျိုးကို တွေ့လိုက်ရတာကတော့ ဖေဖေ့ဆီကပဲ ဖြစ်တယ်။

ဖေဖေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း နောင်ချိုမြို့ခံ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာချိန်က စပြီး သူဟာ ပြောင်းလဲသွားပါတော့တယ်။

တကယ်ပဲ ဖေဖေဟာ နောင်ချိုမြို့နယ် ဥက္ကဋ္ဌဖြစ်ချိန်မှာ ပိုက္ဆံရွိတဲ့ သူ မဟုတ်တော့ပါဘူး၊ အရင်တုန်းကတော့ ရှေ့နေအလုပ်နဲ့ အောင်မြင်ခဲ့တဲ့အတွက် အပိုသုံးးနိုင်တဲ့ ဘ၀မျိုးပါ၊ ဒါပေမဲ့လည်း ၁၉၈၈ အရေးအခင်းကာလနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကာလေတြမွာ ဖေဖေ့ရဲ့ ပိုက်ဆံတွေကို သုံးလိုက်ရတဲ့အတွက်ပါတီထောင်ချိန်မှာ ပိုက်ဆံလုံလောက်အောင် မရှိတော့ပါဘူး။

ပြည်နယ်တွေမှာ ဖြစ်နေတဲ့ နိုင်ငံရေးအနေအထားကလည်း ၈၈ အရေးခင်းမှာ ဦးဆောင်ခဲ့သူတွေနဲ့ ပါဝင်ခဲ့တဲ့သူတွေကို တပ်မတော်အစိုးရက ဖမ်းဆီးထောင်ချတာတွေနဲ့ အစိုးရ၀န်ထမ်းဆိုရင်လည်း အလုပ်ဖြုတ်ပစ်လိုက်တာတွေလည်း လုပ်နေခဲ့ကြတယ်။

ပြီးတော့ နိုင်ငံရေးလုပ်သူတိုင်းကို စစ်ထောက်လှမ်းရေးတွေက အချိန်ပြည့်စောင့်ကြည့်နေတဲ့ အခြေအနေမျိုး ဆိုတော့ လူတွေက ၈၈ အရေးအခင်းအရှိန်ရှိနေမဲ့ တော်ရုံလူကတော့ ထောင်ကျမှာ စိုးရိမ်တာရယ်၊ စောင့်ကြည့် စစ်ဆေးခံရမှာ စိုးရိမ်တာရယ်ကြောင့် အန်အယ်ဒီပါတီကို စိတ်ထဲကပဲ တိတ်တိတ်လေး သဘောကျအားပေးရတဲ့ အနေအထားမျိုးပါ။

နောင်ချိုမြို့ကတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးလည်း မဟုတ်တဲ့အပြင် ရိုးသားတဲ့ တောင်သူတွေနဲ့ အနေအေးသူတွေစိတ်နှလုံး အေးဆေးသူတွေပဲ နေထိုင်ကြတဲ့အတွက် ဖေဖေတို့ပါတီကို ထောက်ခံအားပေးနေပေမဲ့လည်း လူမြင်သူမြင် အားပေးထောက်ခံဖို့ဆိုတာတော့ အမ်ားစုက စိုးရိမ်ကြီးခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ဖေဖေနဲ့အတူတူအန်အယ်ဒီပါတီထဲ ပါတီဝင်အဖြစ် အလုပ်လုပ်ပေးနေတဲ့ သူတိုင်းဟာတော်ရုံသတ္တိနဲ့ မဟုတ္ဘူး ဆိုတာ တဖြည်းဖြည်းနဲ့ သိရတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်အစိုးရနဲ့ ထောက်လှမ်းရေးရဲ့ ဖြိုခွင်းမှုတွေက တစ်ဦးတစ်ယောက်တည်းတင် မကဘူး မိသားစုလိုက်ပါ ထိခိုက်ခဲ့ကြတာကိုး။

မြန်မာပြည်ပြောင်းလဲဖို့ ဒီမိုကေရစီ စနစ်တဲ့...။ အဲဒီလို နိုင်ငံရေး စကားတွေကို ဖေဖေပြောနေချိန်တိုင်း ဖေဖေ့အသံက ကြည်လင်လို့။ ဖေဖေ့မျက်လုံးတွေလည်း တောက်ပနေလိုက်တာ။ ၀ိုင်းပြီး နားထောင်နေကြတဲ့ အဖေ့ရဲဘော်တွေကလည်း အရည်လဲ့နေတဲ့ မျက်ဝန်းတွေ တောက်ပပြီး တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေကြတာလည်း အမြဲတွေ့ရမြဲပဲ။

အဲဒီအချိန်ကစပြီး ကျွန်မ စိတ်ထဲ ထင့်သွားခဲ့တယ်။ အေဖ့ကို ကျွန်မတို့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ပေးပါလို့ တောင်းဆိုဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ ကျွန်မ တဖြည်းဖြည်းနဲ့ ပိုပိုသိလာရတယ်။

အဖေ့အတွက် အရာရာတိုင်းဟာ အရေးမကြီးတော့ဘူး။ သူချစ်မြတ်နိုးလို့ လက်ထပ်ခဲ့တဲ့ (အဲဒီအချိန်တုန်းက မိထ္တီလာကောလိပ်မှာ တာဝန်ကျနေတဲ့) ဇနီးသည် ဟာလည်း အေဖ့ရဲ့ နံပတ် တစ် မဟုတ်တော့ဘူး။

အေဖ့ရဲ့ သမီးလို့ ညွှန်းဆိုကြတဲ့ ကျွန်မ ၉ တန်းတက်ဖို့နဲ့ ၁၀ တန်းကိုလည်း ထူးထူးချွန်ချွန်အောင်မြင်ဖို့ ဆိုတာ အဖေ့ခေါင်းထဲမှာ သိပ်မရှိတော့ဘူး။

အေဖက မိသားစုရှေ့ရေးတွေ ဘ၀ ရှေ့ရေးတွေကို စွန့်ပစ်လိုက်တာ။ ဒီလို ဘ၀တွေစွန့်၊ မိသားစုတွေ စွန့်ပစ်လိုက်တာ အဖေတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

ဖေဖေ့လို စိတ်ဓါတ်မျိုးနဲ့ နိုင်ငံရေးလုပ်နေကြတဲ့ သူတိုင်းဟာ အားလုံးဟာ သူတို့ရဲ့ မိသားစုတွေကို စွန့်ပစ်ထားလိုက်ကြရတာပါ။

၁၉၉၂-၉၃ ကာလေတြပါပဲ။အဲဒီကာလေတြမွာ မြန်မာ့နိုင်ငံရေးရဲ့ လှည့်ကွက်အချို့မှာ ကျွန်မတို့မိသားစုအပါအ၀င် နိုင်ငံရေးမိသားစုအတော်များများကလည်း သားကောင်အဖြစ် ကျားကန်ပြီး နေထိုင်ရချိန်လို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံရေးအလှည့်အပြောင်းတွေက နိုင်ငံရေးထဲမှာပါဝင်နေ ကြရတဲ့ နိုင်ငံရေးသမားတွေနဲ့ သူ့ရဲ့ မိသားစုတွေကိုပါ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပါတယ်။နိုင်ငံရေးမတည်ငြိမ် ချိန်ကို မုန်တိုင်းကာလလို့ ပြောမယ်ဆိုရင် နိုင်ငံရေးသမားတွေနဲ့ မိသားစုတွေကိုလည်း မုန်တိုင်းထဲက သားကောင်တွေလို့ ဆိုရမွာပါပဲ။

၁၉၉၃ အမျိုးသားညီလာခံတက်နေတုန်းမှာပဲ ဖေဖေ့ရဲ့ ရှေ့နေလိုင်စင် သိမ်းခံရပါတယ်။

(ဒါ့အပြင် နောက်ပိုင်းမှာတော့ နောင်ချိုက ကျွန်မတို့မိသားစုပိုင် အိမ်နဲ့ ခြံကိုလည်း အစိုးရက ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်)

ဖေဖေ့ရဲ့ ရှေ့နေလိုင်စင်ကို အစိုးရက သိမ်းဆည်းတာ ဟာ တရားမျှတမှု မရွိဘူး လို့ ကျွန်မ ယူဆတယ်။ဘာကြောင့်လဲ ဆိုတော့ ၁၉၈၈ အရေးခင်းနောက်ပိုင်းမှာ သပိတ်ထဲပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖေ့ကို ၅၀၅(ခ)နဲ့ တရားစွဲပြီး ထောင်ချခဲ့ပါတယ်။ အဲဒီပြစ်မှုရှိနေတဲ့အတွက် ဒါဟာ ရှေ့နေ ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး လိုင်စင်ကို မတရား သိမ်းဆည်းခဲ့ကြတာပါ။

အမျိုးသားညီလာခံကနေထုတ်ခဲ့ရပြီးတဲ့ နောက်မှာတော့ ဖေဖေက ရွှေဂုံတိုင်က အန်အယ်ဒီရုံးချုပ်ကို နေ့တိုင်းသွားပြီး ရုံးအလုပ်တွေကို လုပ်နေခဲ့တယ်။ အဲဒီတုန်းက အန်အယ်ဒီ ရုံးချုပ်ဟာ ခြောက်ကပ်နေတာပါ၊ သူရဲခြောက်မှာတောင် ကြောက်ရပါတယ်။

ရုံးကို ဘယ္သူမွ မလာရဲကြဘူးလို့ ဖေဖေပြန်ပြောတာ ကြားရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။

လူတွေက အန်အယ်ဒီပါတီရုံးရှေ့လက်ဖက်ရည်ဆိုင်ကနေ ထောက်လှမ်းရေးတွေ စောင့်ကြည့်ပြီး ဓါတ်ပုံရိုက်မှာကို စိုးရိမ် ကြပါတယ်။ အဲဒါကြောင့် အန်အယ်ဒီပါတီအဖွဲ့ဝင်တွေတောင်မှ ရုံးကို မသွားရဲကြတဲ့ အခြေအနေပါ။

အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့ ဦးဆောင်မှုနဲ့ ဖေဖေအပါအ၀င် အချို့ကပဲ ရုံးသွားတက်ပြီး ကြေညာချက်တွေ ပုံမှန် ထုတ်ပြန်ရင်း ပါတီဖွဲ့စည်းပုံ မပျက်အောင် အလုပ်လုပ်ကြတာ တွေ့ရပါတယ်။

အိမ်ရဲ့ ညာဘက်အခန်းက ဆရာနဲ့ဆရာကန်တော်က ဘာဒါဈေးသွားမလို့ ဈေးကြုံမှာဦးမလား ဆရာမေရလို့ အေမ့ကို လှမ်းမေးတယ်။ ဆရာတို့စုံတြဲက အိမ်ခန်းရှေ့ ကေန အေမ့ အဖြေကို ရပ်စောင့်ပေးတယ်။

အမေကလည်း ဟုတ်ကဲ့ ၊ မျှစ်ကလေးနည်းနည်းလောက်ပဲ ၀ယ်ခဲ့ပေးပါလို့ ပြောရင်း သမီးကြီး အန္တီကို ပိုက်ဆံပေးလိုက်ပါလို့ ပြောတယ်။

ကျွန်မက ဧည့်ခန်းထဲက အေမ့ရဲ့ ပိုက္ဆံအိတ္ကို သွားယူပြီး ဖွင့်ကြည့်လိုက်တယ်။ မှတ်ပုံတင်၊ ၀န်ထမ်းကဒ်နဲ့အခြားတိုလီမုတ်စတွေပဲ ရှိတယ်၊ ပိုက္ဆံတျပားမွ မရှိဘူး၊ဘေးအိတ်တွေထဲ ရှာလည်း မတွေ့ဘူး။ ဒါနဲ့ ကျွန်မရဲ့ ခေါက်ပိုက်ဆံအိပ်လေးကို ပြေးယူပြီး ဖွင့်ကြည့်တော့လည်း တူတူပါပဲ။ တစ်အိမ်လုံးပေါင်းလို့ ပိုက္ဆံဆိုလို့ ကျပ်တန်လေး တစ်ရွက်တောင် မရွိပါဘူး။

ဒါနဲ့ အိမ်ရှေ့မှာ ရပ်စောင့်နေတဲ့ ဆရာတို့စုံတွဲဆီလာတော့ စိတ်အားတင်းလိုက်ရတယ်။ ကြည့်ကောင်းအောင် တစ်ခုခုတော့ ပြောရတော့မှာ မဟုတ္လား။ အန်တီေ၇ မမှာတော့ဘူးနော် ကျေးဇူးတင်တယ်လို့ အသံမတုန်အောင် မနည်း အားတင်းပြောခဲ့ရတယ်။ အော်... အေးအေး လို့ ပြောပြီး ထွက်သွားကြတယ်။

အေမကေတာ့ အခြေအနေကို နားလည်သွားဟန်နဲ့ တဖက္ကို လှည့်သွားတယ်။ ဟိုဘက်တစ်ဖက်မှာ အေမ မျက်ရည် ကျနေမလားတော့ မသိဘူး။ ကျွန်မကတော့ ရေချိုးခန်းထဲ ၀င်ပြီး ရေပန်းဖွင့်လိုက်တယ် ပြီးမှ အားရအောင် ရှိုက်ငိုမိတယ်။ ပြီးတော့ အေဖ့ကို သတိရတယ်။

ဒီတစ်ခေါက် အေဖ့ကို လာမဖမ်းခင်တုန်းက အန်အယ်ဒီပါတီက နှုတ်ထွက်ဖို့၊ နှုတ်ထွက်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေအောင် လုပ်ပိုင်ခွင့်တွေပေးမယ်၊ ကုမ္ပဏီထူထောင်နိုင်အောင် ပံ့ပိုးပေးမယ် ဆိုပြီးတော့ အနုနည်းနဲ့ စည်းရုံးခဲ့တာလည်း အမှတ်ရမိတယ်။ အဲတုန်းကလည်း ဖေဖေကလက်မခံခဲ့ဘူး။ အမေကလည်း အေဖ့ကို လက်ခံဖို့ မတိုက်တွန်းခဲ့ဘူး။

ကျွန်မတို့မိသားစုအားလုံး ဆင်းရဲခြင်းကို သည်းခံနေကြတာ၊ကြံ့ကြံ့ခံနေကြတာကိုက အေဖ့ကို ကူညီနေကြတာလို့ပဲ သဘောထားပြီး ကျေကျေနပ်နပ်ကို ဆင်းရဲဖို့ ရွေးချယ်ခဲ့ကြတာမဟုတ်လား။

အားရအောင်ငိုပြီး ထွက်လာတော့ အခန်းထဲက အေမ့ကို သာသာလေးချောင်းကြည့်တယ်။ အေမကေတာ့ မ်က္လုံးကို စုံမှတ်ပြီး လှဲနေတုန်း။ အေမခုလို မကြာခဏဖြစ်တတ်တာကို သတိပြုမိတော့ စိတ်မကောင်းဘူး။ ဖေဖေ အဖမ်းခံနေရချိန်တွေမှာ အေမ မကြခဏဆိုသလို နေထိုင်မကောင်းဖြစ်တတ်တယ်။

၉၆-၉ရ-၉၈ ကာလေတြမွာ ဖေဖေက မကြာခဏ အဖမ်းခံရတယ်။ အန်အယ်ဒီပါတီ ညီလာခံခေါ်မယ်ဆိုတဲ့ သတင်းမျိုး ထွက်လာတိုင်း အဖမ်းခံရတာ မှတ်မိသလောက်ပြောရရင်တော့ တစ်ခါ ဖမ်းခေါ်သွားရင် ၂ လ ၃ လလောက်ကြာတယ်။ (၉၈ မှာတော့ ဖမ်းသွားလိုက်တာ တော်တော်နဲ့ မလွှတ်တော့်ဘူး။ ၂၀၀၁ ခုနှစ်မှ ပြန်လွှတ်ပေးခဲ့တယ်)

အဲဒီလိုနဲ့ တစ်ခါ ဖမ်းပြီးရင် တပ်စခန်းတွေမှာ ထားတယ်။ တပ်စခန်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ခွဲပြီး ထားတာပါ။ မှတ်မိသလောက် ပြောရရင်တော့ ဖေဖေ့ကို ရဲမွန်မှာ ထားဖူးတယ်၊ပြီးတော့ မှော်ဘီနားက တပ်စခန်းတစ်ခုမှာ ထားထားဖူးတယ်။

 ဦးထွန်းထွန်းဟိန်အကြောင်း တစေ့တစောင်း စာအုပ်မှ
Maythingyanhein Blog မှကူးယူဖော်ပြပါသည်။

ZN.H 
😷😷😷😷😷😷😷😷😷

ဒီလို ပုဂၢိဳလ္မ်ိဳးေတြရွိလို့ NLD က ေအာင္ပြဲရေနတာ

🤫🤫🤫🤫🤫🤫🤫🤫🤫

" ထိုင္ပါဆို ထိုင္လိုက္ပါ " လို့ ျပတ္သားတဲ့ ျပည္သူ႔လႊတ္ေတာ္ ဒု ဥကၠ႒ ဦးထြန္းထြန္းဟိန္ အေၾကာင္း တေစ့တေစာင္း
——————————————————
(ျပည္သူ႔ လႊတ္ေတာ္ဥကၠ႒သစ္ အျဖစ္ ေရပန္းစားေနတဲ့ NLD CEC ဦးထြန္းထြန္းဟိန္းအေၾကာင္းကုို သမီးျဖစ္သူေမသၾကၤန္ဟိန္ (ျမစ္မခ)   ေရးသားထုတ္ေဝထားတဲ့ "ခ်စ္တဲ့သူေတြအေၾကာင္း ေျပာရေအာင္" စာအုပ္မွ ေကာက္ႏွုတ္ေဖာ္ျပပါသည္။)

ကၽြန္မ မွတ္မိေနတဲ့ အခ်စ္တစ္မ်ိဳးလည္း ရွိပါေသးတယ္။ အဲဒီအခ်စ္ကို ေျပာရမယ္ဆိုရင္ေတာ့ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းနဲ႔ ၁၉၉၀ ေရြးေကာက္ပြဲအႀကိဳ ကာလေတြကို ျပန္သြားရမွာပါပဲ။

ေဖေဖက ၁၉၈၈မွာ ေနာင္ခ်ိဳၿမိဳ့နယ္ရဲ့ သပိတ္ဥကၠ႒ျဖစ္လာေတာ့ စစ္တပ္က အာဏာသိမ္းတဲ့ အခ်ိန္မွာ ေဖေဖနဲ႔ အတူတူ သပိတ္ထဲပါဝင္ခဲ့ၾကတဲ့ ရဲေဘာ္ရဲဘက္ေတြက အဖမ္းမခံဘဲနဲ႔ ေတာခိုဖို့ ေျပာလာတယ္။ ေဖေဖက လက္မခံခဲ့ဘူး၊ အဖမ္းခံခဲ့တယ္။

ေဖေဖအဖမ္းခံေနရခ်ိန္မွာ ကၽြန္မက အသက္ ၁၅ ႏွစ္၊ ေမာင္ေလးက ၁၃ ႏွစ္နဲ႔ ညီမေလးကေတာ့ ၂ ႏွစ္အရြယ္ပါပဲ၊ ေျပာရမယ္ဆိုရင္ေတာ့ ကေလးအရြယ္ေတြပါပဲ။

အဲဒီအခ်ိန္မွာ ေနာင္ခ်ိဳမွာ က်န္ရစ္ခဲ့တဲ့ ေမာင္ႏွမသုံးေယာက္ကို ၿမိဳ့မိၿမိဳ့ဖေတြနဲ႔ ၿမိဳ့က မိတ္ေဆြေတြက အားေပး ေစာင့္ေရွာက္ေပးတယ္။ ၈၈ သပိတ္ေၾကာင့္ ျပဳတ္က်ခဲ့တဲ့ ပါတီေကာင္စီ မိသားစုဝင္ေတြကလည္း ကၽြန္မတို့ကို ရန္သူလို ဆက္ဆံတာမ်ိဳးေတြ မရွိဘူး၊ ေႏြးေႏြးေထြးေထြးပဲ ဆက္ဆံၾကတာ အမွတ္ရမိပါတယ္။ စိတ္သေဘာထားေကာင္းတဲ့ သူေတြ မ်ားတဲ့ ေနာင္ခ်ိဳပါ။

အေဖက အဖမ္းခံရ၊ အေမကလည္း အေဝးမွာ တာဝန္က်ေနေတာ့ လက္ထဲမွာ သုံးစရာပိုက္ဆံမရွိေတာ့ရင္ ၿခံထဲက ဂႏၶာပန္းေတြကို နံနက္ေစာေစာခူးၿပီး ေမာင္ႏွမသုံးေယာက္ ေဈးပန္းျခင္းေလးခ်ၿပီး ပန္းေရာင္းပါတယ္။ အဲဒီလို ကၽြန္မတို့ ေဈးေရာင္းေနတာကို ေတြ႕တဲ့ သူတိုင္းက ပန္းေတြက လွလိုက္တာ ဆိုၿပိး ၀ယ္ေပးၾကတယ္။

တကယ္ေတာ့ ေနာင္ခ်ိဳမွာ အ္ိမ္တိုင္းလိုလိုက ဘုရားပန္းတင္ဖို့ ပန္းပင္ေလးေတြ စိုက္ၾကပါတယ္။

ဘုရားပန္းအတြက္ဆိုရင္ ပန္းဝယ္စရာမလိုတဲ့ ေဒသမ်ိဳးပါ။ ဒါေပမဲ့ ကၽြန္မတို့ ေမာင္ႏွမ သုံးေယာက္ေရာင္းတဲ့ ဘုရားပန္းကိုလည္း ၀ယ္ေပးတဲ့ နည္းနဲ႔ အားေပးကူညီၾကတယ္ဆိုတာကို ခုခ်ိန္မွာ ကၽြန္မ နားလည္ခဲ့ပါၿပီ။

အဲဒီလိုေနရင္းႏွင့္ပင္ ေအာက္တိုဘာ ၁၅ ရက္ေန႔၊ ၁၉၈၈ ရက္ေန႔မွာ ေဖေဖကို အာမခံနဲ႔ ျပန္လႊတ္လာပါတယ္။ ေဖေဖလႊတ္လာေတာ့ ၿမိဳ့ကမိတ္ေဆြေတြ ေဖေဖ့ကို လာေမးၾကတယ္။ ၿပီးေတာ့အဲဒီလို အာမခံရေအာင္လည္း ေနာင္ခ်ိဳၿမိဳ့ခံ လူထုက ၀ိုင္းဝန္းေတာင္းဆိုခဲ့ၾကတယ္ ဆိုတာ သိလာရပါတယ္။

ေဖေဖ့ကို စတင္ဖမ္းဆီးစဥ္တုန္းက ေထာက္လွမ္းေရးက နိုင္ငံေတာ္ ပုန္ကန္မွု၊ နိုင္ငံေတာ္ အသေရဖ်က္မွု အပါအ၀င္ ပုဒ္မေပါင္း ၂၀ ေက်ာ္နဲ႔ စြဲခ်က္ တင္ခဲ့ၾကတာပါ၊ ျပစ္မွု မေျမာက္တဲ့အတြက္ ေနာက္ဆုံး ၅၀၅ (ခ)နဲ႔ တရားစြဲၿပီး အာမခံနဲ႔ ျပန္လႊတ္ေပးလိုက္ရတာ။

ကၽြန္မ အသက္ ၁၅ႏွစ္ ၁၆ ႏွစ္ ဆယ္ေက်ာ္သက္အရြယ္မွာ အခ်စ္တစ္မ်ိဳးကို ေတြ႕လိုက္ရတာကေတာ့ ေဖေဖ့ဆီကပဲ ျဖစ္တယ္။

ေဖေဖဟာ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း ေနာင္ခ်ိဳၿမိဳ့ခံ ျပည္သူေတြရဲ့ အားေပးေထာက္ခံမွုနဲ႔ နိုင္ငံေရးသမားတစ္ေယာက္ျဖစ္လာခ်ိန္က စၿပီး သူဟာ ေျပာင္းလဲသြားပါေတာ့တယ္။

တကယ္ပဲ ေဖေဖဟာ ေနာင္ခ်ိဳၿမိဳ့နယ္ ဥကၠ႒ျဖစ္ခ်ိန္မွာ ပိုက္ဆံရွိတဲ့ သူ မဟုတ္ေတာ့ပါဘူး၊ အရင္တုန္းကေတာ့ ေရွ႕ေနအလုပ္နဲ႔ ေအာင္ျမင္ခဲ့တဲ့အတြက္ အပိုသုံးးနိုင္တဲ့ ဘ၀မ်ိဳးပါ၊ ဒါေပမဲ့လည္း ၁၉၈၈ အေရးအခင္းကာလနဲ႔ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ကာလေတြမွာ ေဖေဖ့ရဲ့ ပိုက္ဆံေတြကို သုံးလိုက္ရတဲ့အတြက္ပါတီေထာင္ခ်ိန္မွာ ပိုက္ဆံလုံေလာက္ေအာင္ မရွိေတာ့ပါဘူး။

ျပည္နယ္ေတြမွာ ျဖစ္ေနတဲ့ နိုင္ငံေရးအေနအထားကလည္း ၈၈ အေရးခင္းမွာ ဦးေဆာင္ခဲ့သူေတြနဲ႔ ပါဝင္ခဲ့တဲ့သူေတြကို တပ္မေတာ္အစိုးရက ဖမ္းဆီးေထာင္ခ်တာေတြနဲ႔ အစိုးရ၀န္ထမ္းဆိုရင္လည္း အလုပ္ျဖဳတ္ပစ္လိုက္တာေတြလည္း လုပ္ေနခဲ့ၾကတယ္။

ၿပီးေတာ့ နိုင္ငံေရးလုပ္သူတိုင္းကို စစ္ေထာက္လွမ္းေရးေတြက အခ်ိန္ျပည့္ေစာင့္ၾကည့္ေနတဲ့ အေျခအေနမ်ိဳး ဆိုေတာ့ လူေတြက ၈၈ အေရးအခင္းအရွိန္ရွိေနမဲ့ ေတာ္႐ုံလူကေတာ့ ေထာင္က်မွာ စိုးရိမ္တာရယ္၊ ေစာင့္ၾကည့္ စစ္ေဆးခံရမွာ စိုးရိမ္တာရယ္ေၾကာင့္ အန္အယ္ဒီပါတီကို စိတ္ထဲကပဲ တိတ္တိတ္ေလး သေဘာက်အားေပးရတဲ့ အေနအထားမ်ိဳးပါ။

ေနာင္ခ်ိဳၿမိဳ့ကေတာ့ ရန္ကုန္၊ မႏၲေလးလို ၿမိဳ့ႀကီးလည္း မဟုတ္တဲ့အျပင္ ရိုးသားတဲ့ ေတာင္သူေတြနဲ႔ အေနေအးသူေတြစိတ္ႏွလုံး ေအးေဆးသူေတြပဲ ေနထိုင္ၾကတဲ့အတြက္ ေဖေဖတို့ပါတီကို ေထာက္ခံအားေပးေနေပမဲ့လည္း လူျမင္သူျမင္ အားေပးေထာက္ခံဖို့ဆိုတာေတာ့ အမ်ားစုက စိုးရိမ္ႀကီးခဲ့ၾကပါတယ္။

အဲဒီအခ်ိန္တုန္းက ေဖေဖနဲ႔အတူတူအန္အယ္ဒီပါတီထဲ ပါတီဝင္အျဖစ္ အလုပ္လုပ္ေပးေနတဲ့ သူတိုင္းဟာေတာ္႐ုံသတၱိနဲ႔ မဟုတ္ဘူး ဆိုတာ တျဖည္းျဖည္းနဲ႔ သိရတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တပ္မေတာ္အစိုးရနဲ႔ ေထာက္လွမ္းေရးရဲ့ ၿဖိဳခြင္းမွုေတြက တစ္ဦးတစ္ေယာက္တည္းတင္ မကဘူး မိသားစုလိုက္ပါ ထိခိုက္ခဲ့ၾကတာကိုး။

ျမန္မာျပည္ေျပာင္းလဲဖို့ ဒီမိုကေရစီ စနစ္တဲ့...။ အဲဒီလို နိုင္ငံေရး စကားေတြကို ေဖေဖေျပာေနခ်ိန္တိုင္း ေဖေဖ့အသံက ၾကည္လင္လို့။ ေဖေဖ့မ်က္လုံးေတြလည္း ေတာက္ပေနလိုက္တာ။ ၀ိုင္းၿပီး နားေထာင္ေနၾကတဲ့ အေဖ့ရဲေဘာ္ေတြကလည္း အရည္လဲ့ေနတဲ့ မ်က္ဝန္းေတြ ေတာက္ပၿပီး တိတ္တိတ္ဆိတ္ဆိတ္နားေထာင္ေနၾကတာလည္း အျမဲေတြ႕ရျမဲပဲ။

အဲဒီအခ်ိန္ကစၿပီး ကၽြန္မ စိတ္ထဲ ထင့္သြားခဲ့တယ္။ အေဖ့ကို ကၽြန္မတို့ မိသားစု စားဝတ္ေနေရးအတြက္ အလုပ္လုပ္ေပးပါလို့ ေတာင္းဆိုဖို့ မျဖစ္နိုင္ေတာ့ဘူး ဆိုတာ ကၽြန္မ တျဖည္းျဖည္းနဲ႔ ပိုပိုသိလာရတယ္။

အေဖ့အတြက္ အရာရာတိုင္းဟာ အေရးမႀကီးေတာ့ဘူး။ သူခ်စ္ျမတ္နိုးလို့ လက္ထပ္ခဲ့တဲ့ (အဲဒီအခ်ိန္တုန္းက မိထၱီလာေကာလိပ္မွာ တာဝန္က်ေနတဲ့) ဇနီးသည္ ဟာလည္း အေဖ့ရဲ့ နံပတ္ တစ္ မဟုတ္ေတာ့ဘူး။

အေဖ့ရဲ့ သမီးလို့ ညႊန္းဆိုၾကတဲ့ ကၽြန္မ ၉ တန္းတက္ဖို့နဲ႔ ၁၀ တန္းကိုလည္း ထူးထူးခၽြန္ခၽြန္ေအာင္ျမင္ဖို့ ဆိုတာ အေဖ့ေခါင္းထဲမွာ သိပ္မရွိေတာ့ဘူး။

အေဖက မိသားစုေရွ႕ေရးေတြ ဘ၀ ေရွ႕ေရးေတြကို စြန႔္ပစ္လိုက္တာ။ ဒီလို ဘ၀ေတြစြန႔္၊ မိသားစုေတြ စြန႔္ပစ္လိုက္တာ အေဖတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။

ေဖေဖ့လို စိတ္ဓါတ္မ်ိဳးနဲ႔ နိုင္ငံေရးလုပ္ေနၾကတဲ့ သူတိုင္းဟာ အားလုံးဟာ သူတို့ရဲ့ မိသားစုေတြကို စြန႔္ပစ္ထားလိုက္ၾကရတာပါ။

၁၉၉၂-၉၃ ကာလေတြပါပဲ။အဲဒီကာလေတြမွာ ျမန္မာ့နိုင္ငံေရးရဲ့ လွည့္ကြက္အခ်ိဳ့မွာ ကၽြန္မတို့မိသားစုအပါအ၀င္ နိုင္ငံေရးမိသားစုအေတာ္မ်ားမ်ားကလည္း သားေကာင္အျဖစ္ က်ားကန္ၿပီး ေနထိုင္ရခ်ိန္လို့လည္း ဆိုနိုင္ပါတယ္။

နိုင္ငံေရးအလွည့္အေျပာင္းေတြက နိုင္ငံေရးထဲမွာပါဝင္ေန ၾကရတဲ့ နိုင္ငံေရးသမားေတြနဲ႔ သူ႔ရဲ့ မိသားစုေတြကိုပါ အလွည့္အေျပာင္းေတြ ျဖစ္ေစခဲ့ပါတယ္။နိုင္ငံေရးမတည္ၿငိမ္ ခ်ိန္ကို မုန္တိုင္းကာလလို့ ေျပာမယ္ဆိုရင္ နိုင္ငံေရးသမားေတြနဲ႔ မိသားစုေတြကိုလည္း မုန္တိုင္းထဲက သားေကာင္ေတြလို့ ဆိုရမွာပါပဲ။

၁၉၉၃ အမ်ိဳးသားညီလာခံတက္ေနတုန္းမွာပဲ ေဖေဖ့ရဲ့ ေရွ႕ေနလိုင္စင္ သိမ္းခံရပါတယ္။

(ဒါ့အျပင္ ေနာက္ပိုင္းမွာေတာ့ ေနာင္ခ်ိဳက ကၽြန္မတို့မိသားစုပိုင္ အိမ္နဲ႔ ၿခံကိုလည္း အစိုးရက ခ်ိတ္ပိတ္သိမ္းဆည္းခဲ့တယ္)

ေဖေဖ့ရဲ့ ေရွ႕ေနလိုင္စင္ကို အစိုးရက သိမ္းဆည္းတာ ဟာ တရားမၽွတမွု မရွိဘူး လို့ ကၽြန္မ ယူဆတယ္။ဘာေၾကာင့္လဲ ဆိုေတာ့ ၁၉၈၈ အေရးခင္းေနာက္ပိုင္းမွာ သပိတ္ထဲပါဝင္ခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဖေဖ့ကို ၅၀၅(ခ)နဲ႔ တရားစြဲၿပီး ေထာင္ခ်ခဲ့ပါတယ္။ အဲဒီျပစ္မွုရွိေနတဲ့အတြက္ ဒါဟာ ေရွ႕ေန က်င့္ဝတ္နဲ႔ မညီဘူးဆိုၿပီး လိုင္စင္ကို မတရား သိမ္းဆည္းခဲ့ၾကတာပါ။

အမ်ိဳးသားညီလာခံကေနထုတ္ခဲ့ရၿပီးတဲ့ ေနာက္မွာေတာ့ ေဖေဖက ေရႊဂုံတိုင္က အန္အယ္ဒီ႐ုံးခ်ဳပ္ကို ေန႔တိုင္းသြားၿပီး ႐ုံးအလုပ္ေတြကို လုပ္ေနခဲ့တယ္။ အဲဒီတုန္းက အန္အယ္ဒီ ႐ုံးခ်ဳပ္ဟာ ေျခာက္ကပ္ေနတာပါ၊ သူရဲေျခာက္မွာေတာင္ ေၾကာက္ရပါတယ္။

႐ုံးကို ဘယ္သူမွ မလာရဲၾကဘူးလို့ ေဖေဖျပန္ေျပာတာ ၾကားရတိုင္း စိတ္မေကာင္းျဖစ္ရပါတယ္။

လူေတြက အန္အယ္ဒီပါတီ႐ုံးေရွ႕လက္ဖက္ရည္ဆိုင္ကေန ေထာက္လွမ္းေရးေတြ ေစာင့္ၾကည့္ၿပီး ဓါတ္ပုံရိုက္မွာကို စိုးရိမ္ ၾကပါတယ္။ အဲဒါေၾကာင့္ အန္အယ္ဒီပါတီအဖြဲ႕ဝင္ေတြေတာင္မွ ႐ုံးကို မသြားရဲၾကတဲ့ အေျခအေနပါ။

အန္အယ္ဒီ ဥကၠ႒ ဦးေအာင္ေရႊရဲ့ ဦးေဆာင္မွုနဲ႔ ေဖေဖအပါအ၀င္ အခ်ိဳ့ကပဲ ႐ုံးသြားတက္ၿပီး ေၾကညာခ်က္ေတြ ပုံမွန္ ထုတ္ျပန္ရင္း ပါတီဖြဲ႕စည္းပုံ မပ်က္ေအာင္ အလုပ္လုပ္ၾကတာ ေတြ႕ရပါတယ္။

အိမ္ရဲ့ ညာဘက္အခန္းက ဆရာနဲ႔ဆရာကန္ေတာ္က ဘာဒါေဈးသြားမလို့ ေဈးၾကဳံမွာဦးမလား ဆရာမေရလို့ အေမ့ကို လွမ္းေမးတယ္။ ဆရာတို့စုံတြဲက အိမ္ခန္းေရွ႕ ကေန အေမ့ အေျဖကို ရပ္ေစာင့္ေပးတယ္။

အေမကလည္း ဟုတ္ကဲ့ ၊ မၽွစ္ကေလးနည္းနည္းေလာက္ပဲ ၀ယ္ခဲ့ေပးပါလို့ ေျပာရင္း သမီးႀကီး အန္တီကို ပိုက္ဆံေပးလိုက္ပါလို့ ေျပာတယ္။

ကၽြန္မက ဧည့္ခန္းထဲက အေမ့ရဲ့ ပိုက္ဆံအိတ္ကို သြားယူၿပီး ဖြင့္ၾကည့္လိုက္တယ္။ မွတ္ပုံတင္၊ ၀န္ထမ္းကဒ္နဲ႔အျခားတိုလီမုတ္စေတြပဲ ရွိတယ္၊ ပိုက္ဆံတျပားမွ မရွိဘူး၊ေဘးအိတ္ေတြထဲ ရွာလည္း မေတြ႕ဘူး။ ဒါနဲ႔ ကၽြန္မရဲ့ ေခါက္ပိုက္ဆံအိပ္ေလးကို ေျပးယူၿပီး ဖြင့္ၾကည့္ေတာ့လည္း တူတူပါပဲ။ တစ္အိမ္လုံးေပါင္းလို့ ပိုက္ဆံဆိုလို့ က်ပ္တန္ေလး တစ္ရြက္ေတာင္ မရွိပါဘူး။

ဒါနဲ႔ အိမ္ေရွ႕မွာ ရပ္ေစာင့္ေနတဲ့ ဆရာတို့စုံတြဲဆီလာေတာ့ စိတ္အားတင္းလိုက္ရတယ္။ ၾကည့္ေကာင္းေအာင္ တစ္ခုခုေတာ့ ေျပာရေတာ့မွာ မဟုတ္လား။ အန္တီေ၇ မမွာေတာ့ဘူးေနာ္ ေက်းဇူးတင္တယ္လို့ အသံမတုန္ေအာင္ မနည္း အားတင္းေျပာခဲ့ရတယ္။ ေအာ္... ေအးေအး လို့ ေျပာၿပီး ထြက္သြားၾကတယ္။

အေမကေတာ့ အေျခအေနကို နားလည္သြားဟန္နဲ႔ တဖက္ကို လွည့္သြားတယ္။ ဟိုဘက္တစ္ဖက္မွာ အေမ မ်က္ရည္ က်ေနမလားေတာ့ မသိဘူး။ ကၽြန္မကေတာ့ ေရခ်ိဳးခန္းထဲ ၀င္ၿပီး ေရပန္းဖြင့္လိုက္တယ္ ၿပီးမွ အားရေအာင္ ရွိုက္ငိုမိတယ္။ ၿပီးေတာ့ အေဖ့ကို သတိရတယ္။

ဒီတစ္ေခါက္ အေဖ့ကို လာမဖမ္းခင္တုန္းက အန္အယ္ဒီပါတီက ႏွုတ္ထြက္ဖို့၊ ႏွုတ္ထြက္မယ္ဆိုရင္ စီးပြားေရးလုပ္ငန္းေတြ အဆင္ေျပေအာင္ လုပ္ပိုင္ခြင့္ေတြေပးမယ္၊ ကုမၸဏီထူေထာင္နိုင္ေအာင္ ပံ့ပိုးေပးမယ္ ဆိုၿပီးေတာ့ အႏုနည္းနဲ႔ စည္း႐ုံးခဲ့တာလည္း အမွတ္ရမိတယ္။ အဲတုန္းကလည္း ေဖေဖကလက္မခံခဲ့ဘူး။ အေမကလည္း အေဖ့ကို လက္ခံဖို့ မတိုက္တြန္းခဲ့ဘူး။

ကၽြန္မတို့မိသားစုအားလုံး ဆင္းရဲျခင္းကို သည္းခံေနၾကတာ၊ႀကံ့ႀကံ့ခံေနၾကတာကိုက အေဖ့ကို ကူညီေနၾကတာလို့ပဲ သေဘာထားၿပီး ေက်ေက်နပ္နပ္ကို ဆင္းရဲဖို့ ေရြးခ်ယ္ခဲ့ၾကတာမဟုတ္လား။

အားရေအာင္ငိုၿပီး ထြက္လာေတာ့ အခန္းထဲက အေမ့ကို သာသာေလးေခ်ာင္းၾကည့္တယ္။ အေမကေတာ့ မ်က္လုံးကို စုံမွတ္ၿပီး လွဲေနတုန္း။ အေမခုလို မၾကာခဏျဖစ္တတ္တာကို သတိျပဳမိေတာ့ စိတ္မေကာင္းဘူး။ ေဖေဖ အဖမ္းခံေနရခ်ိန္ေတြမွာ အေမ မၾကခဏဆိုသလို ေနထိုင္မေကာင္းျဖစ္တတ္တယ္။

၉၆-၉ရ-၉၈ ကာလေတြမွာ ေဖေဖက မၾကာခဏ အဖမ္းခံရတယ္။ အန္အယ္ဒီပါတီ ညီလာခံေခၚမယ္ဆိုတဲ့ သတင္းမ်ိဳး ထြက္လာတိုင္း အဖမ္းခံရတာ မွတ္မိသေလာက္ေျပာရရင္ေတာ့ တစ္ခါ ဖမ္းေခၚသြားရင္ ၂ လ ၃ လေလာက္ၾကာတယ္။ (၉၈ မွာေတာ့ ဖမ္းသြားလိုက္တာ ေတာ္ေတာ္နဲ႔ မလႊတ္ေတာ့္ဘူး။ ၂၀၀၁ ခုႏွစ္မွ ျပန္လႊတ္ေပးခဲ့တယ္)

အဲဒီလိုနဲ႔ တစ္ခါ ဖမ္းၿပီးရင္ တပ္စခန္းေတြမွာ ထားတယ္။ တပ္စခန္းေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ခြဲၿပီး ထားတာပါ။ မွတ္မိသေလာက္ ေျပာရရင္ေတာ့ ေဖေဖ့ကို ရဲမြန္မွာ ထားဖူးတယ္၊ၿပီးေတာ့ ေမွာ္ဘီနားက တပ္စခန္းတစ္ခုမွာ ထားထားဖူးတယ္။

• ဦးထြန္းထြန္းဟိန္အေၾကာင္း တေစ့တေစာင္း စာအုပ္မွ…
Maythingyanhein Blog မွကူးယူေဖာ္ျပပါသည္။

ZN.H 🇦🇺



ဒီလို ပုဂၢိဳလ္မ်ိဳးေတြရွိလို့ NLD က ေအာင္ပြဲရေနတာ

😷😷😷😷😷😷😷😷😷 ဒီလို ပုဂ္ဂိုလ်မျိုးတွေရှိလို့ NLD က အောင်ပွဲရနေတာ " ထိုင်ပါဆို ထိုင်လိုက်ပါ " လို့ ပြတ်သားတဲ့ ပြည်သူ့လွှတ်တော်...